၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ NGO/INGO များ ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင်-
- ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” “အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊၊ အားလုံးလက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ပင်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊။
- မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင်းနိုင်ငံဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့်အတွက် အာရှနှင့် ပစိဖိတ်ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်းမဟာဗျူဟာ (၂၀၁၃-၂၀၃၃)နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင်အထည်ဖော်လျက်ရှိကြောင်း။
- အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦး စီမံကိန်းနယ်မြေ(၄)ခု ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်းထားရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီးကင်းသည့် ပတ်ဝန်းကျင်(Barrier Free Environment)၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်မှု(Accessibility)တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။
- မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ မသန်စွမ်းသူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ် အသီးသီးမှ လူမှုအဖွဲ့အစည်းများတွင် ဘေးဖယ်ချန်လှပ်ထားခြင်းမျိုးမဖြစ်စေဘဲ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရေး ကြိုးစားပေးကြစေလိုကြောင်း။
- မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများ မဖြစ်ကြဘဲ ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် လေ့ကျင့်နေထိုင်နိုင်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိကြသူများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများနှင့် သက်ဆိုင်သောစာအုပ်များနှင့် လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၂-၂၀၂၂)
- အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေ(၄)ခု ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
- ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်းထားရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီးကင်းသည့် ပတ်ဝန်းကျင်(Barrier Free Environment)၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်မှု(Accessibility)တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရ မည်ဖြစ်။
- မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ မသန်စွမ်းသူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ် အသီးသီးမှ လူမှုအဖွဲ့အစည်းများတွင် ဘေးဖယ်ချန်လှပ်ထားခြင်းမျိုး မဖြစ်စေဘဲ ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရေး ကြိုးစားပေးကြစေလို။
- မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများ မဖြစ်ကြဘဲ ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းအောင် လေ့ကျင့်နေထိုင်နိုင်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင်ပေးကြရန်။
Add new comment