နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ နေ့အခမ်းအနားသို့ တက်ရောက်

     (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။  ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက် ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က-

  • ယနေ့သည် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်ကပင် တပ်မတော်၏အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သည့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့၏ (၇၅)နှစ်ပြည့်မြောက်သော အခါသမယပင်ဖြစ်ကြောင်း။
  • ဗမာ့တပ်မတော်စစ်လက်နက်ပစ္စည်းတပ် (Burma Army Ordnance Depot-B.A.O.D) အဖြစ် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကို “စစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့”အဖြစ် သတ်မှတ်ခဲ့ကြောင်း။
  • စစ်လက်နက်ပစ္စည်းတပ်ဖွဲ့အနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလတိုင်အောင် လူအင်အား၊ တပ်အင်အား၊ ဖွဲ့စည်းပုံမျိုးစုံ၊ အမည်နာမမျိုးစုံ ပြောင်းလဲခဲ့သော်လည်း တပ်ဖွဲ့၏အနှစ်သာရဖြစ်သော “ပစ္စည်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ အရည်အသွေးမှန် ထိန်းသိမ်းထုတ်ပေးရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်လျက်ရှိကြကြောင်း။
  • စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ၏ ပညာရပ်ပိုင်းဆိုင်ရာများကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ပေးပြီး သင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့၌ ရှိပြီးသား ပညာရပ်များနှင့် ပေါင်းစပ်ပြီး စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များက အရာရှိ/စစ်သည်များကိုလည်း သိရှိနားလည်အောင် သင်ကြားလေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုတွေ့ရကြောင်း။
  • စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ကွပ်ကဲမှုအောက်တွင်ရှိသည့် တပ်မတော်စက်ရုံများအနေဖြင့် ပြည်ပနိုင်ငံထုတ် စစ်ဝတ်တန်ဆာပလာများအပေါ် အမှီအခိုကင်းပြီး မိမိတပ်မတော်၏ ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သော အရည်အသွေး မြင့် စစ်လက်နက်ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး၏ လိုအပ်ချက်များကို ပြည့်ဝစွာဖြည့်ဆည်းပေးလျက်ရှိကြောင်း။
  • ပိုလျှံစက်စွမ်းအားများဖြင့် ပြည်သူလူထုကို အထောက်အကူပြုသည့် ဈေးကွက်ဝင် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမှန်၊ ကုန်ပစ္စည်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် သက်သာစွာ ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း။
  • မျိုးဆက်သစ်စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များအနေဖြင့် အနာဂတ်တွင်လည်း ချမှတ်ထားသည့် မိမိတို့၏ ကြွေးကြော်သံ၊ ဆောင်ပုဒ်များအတိုင်း ကျရာတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်နိုင်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တက်ရောက်လာကြသည့် အငြိမ်းစားစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုစစ်လက်နက်ပစ္စည်းတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၂)

 

  • စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များ၏ ပညာရပ်ပိုင်းဆိုင်ရာများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ပေးပြီး သင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့၌ရှိပြီးသား ပညာရပ် များနှင့် ပေါင်းစပ်ပြီး စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များက အရာရှိ/စစ်သည်များကိုလည်း သိရှိနားလည်အောင် သင်ကြားလေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ။
  • စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ ကွပ်ကဲမှုအောက်တွင်ရှိသည့် တပ်မတော်စက်ရုံများအနေဖြင့် ပြည်ပနိုင်ငံထုတ် စစ်ဝတ်တန်ဆာပလာများအပေါ် အမှီအခိုကင်းပြီး မိမိတပ်မတော်၏ ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သော အရည် အသွေးမြင့် စစ်လက်နက်ပစ္စည်းများဖြင့် တပ်မတော်တစ်ရပ်လုံး၏ လိုအပ်ချက်များကို ပြည့်ဝစွာ ဖြည့်ဆည်းပေးလျက်ရှိ။
  • ပိုလျှံစက်စွမ်းအားများဖြင့် ပြည်သူလူထုကို အထောက်အကူပြုသည့် ဈေးကွက်ဝင် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမှန်၊ ကုန်ပစ္စည်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် သက်သာစွာ ထုတ်လုပ်ရောင်းချပေးလျက်ရှိ။

Add new comment