အထူးကုဆေးရုံကြီး(ခုတင် - ၅၀၀)၊ ရန်ကုန်တွင် (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအောင်မြင်

      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ရာ လူနာ မခင်ညိုညိုထွေး အသက်(၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး အသက်(၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ လူနာနှင့် ကျောက် ကပ်အလှူရှင်တို့၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကာ ၎င်းတို့ကို အထူးကြပ်မတ်ကုသဌာန၌ စောင့်ကြည့်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ခွဲစိတ် ကုသမှုဆောင်ရွက်သူများ၊ လူနာနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား၍ လူနာအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့ပါသည်။ 

အထူးကုဆေးရုံကြီး(ခုတင် - ၅၀၀)၊ ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ်မှစတင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀) ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀) ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂) ကြိမ် စုစုပေါင်း (၅၄) ကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ် သည် (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၂)

 

  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ရန်ကုန်၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်ကပ်အစား ထိုးခွဲစိတ်ကုသမှုကို ပြန်လည်ဆောင်ရွက်နိုင်ခဲ့ရာ လူနာ မခင်ညိုညိုထွေး အသက်(၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး အသက်(၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာပြီးဆုံးခဲ့။

Add new comment