မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ပါသည်။
· ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ဂုဏ်ထူးတန်း တတိယနှစ် (ပထမနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမ နှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) ဘွဲ့သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်။
· ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်စတင်ဖွင့်လှစ်ရာ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ စတုတ္ထနှစ်မှ ကျန်ရှိနေသည့် (ဒုတိယနှစ်ဝက်) အတန်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်း (ပထမနှစ်)နှင့် (ဒုတိယနှစ်) အတန်းများဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရပ်အစုံမေဂျာ ၁၄ ခု စတင်ဖွင့်လှစ်ခဲ့။
· မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်တွင် နေ့သင်တန်းများ ဖွင့်လှစ်ခဲ့ရာ စတုတ္ထနှစ် ဥပဒေပညာ (ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာတန်းပထမနှစ် (ဝိဇ္ဇာ၊ သိပ္ပံ)နှင့် မဟာတန်း ဒုတိယနှစ် (ဝိဇ္ဇာ၊ သိပ္ပံ)တို့အား စတင်ဖွင့်လှစ်ခဲ့။
· နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းတွင် AGTI ပထမနှစ်သင်တန်းနှင့် ဒုတိယနှစ် သင်တန်းတို့ အား စတင်ဖွင့်လှစ်ခဲ့။
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍကို နိုင်ငံတကာနှင့်အညီ အဆင့်မြင့်မား တိုးတက်စေရေးအတွက် နိုင်ငံတော်မှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ရာ ကျောင်းသားကျောင်းသူများကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာတက်ရောက်သင်ယူလျက်ရှိကြောင်းသိရှိရပါသည်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှစတင်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တစ်ပြိုင်တည်း စတင် ဖွင့်လှစ်ခဲ့။
Add new comment