ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာလ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌတို့ တွေ့ဆုံ၍ မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့

Add new comment