သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားများကို နိုဝင်ဘာလ ၃၀ ရက်တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ကို ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် ကျောင်းများတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား/သူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများပိုမိုရရှိစေရန်၊ နည်းပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေမည်ဖြစ်ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆရာ/ဆရာမများ၊ စက်မှုလက်မှုလုပ်ငန်း ရှင်များနှင့် သင်တန်းသား/သူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁-၁၂-၂၀၂၂)
- အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားများကို နိုဝင်ဘာလ ၃၀ ရက်တွင် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့။
- အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ကို ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ကျောင်းများတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့။
Add new comment