အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH၊ NUG အပါအဝင် အကြမ်းဖက်သမားများ၏ခြိမ်းခြောက်မှုကြောင့် CDM လှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်းအချို့ ပါဝင်ခဲ့သည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှောင့်နှေးစေခဲ့သည့်အပြင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့ ရာတွင်လည်း ပြည်သူလူထုအနေဖြင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ၎င်းအပြင် မြို့ပြနှင့်အလှမ်းဝေးသည့်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းအချို့၏ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အချို့ဆေးရုံ၊ ဆေးခန်းများပိတ်ခဲ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် နှောင့်နှေးမှုများ များပြားစွာဖြစ်ပေါ်ခဲ့သည်။
ထိုသို့အခက်အခဲများဖြစ်ပေါ်လာသဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့များက သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ တိုက် နယ်ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများသို့သွားရောက်၍ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုကဲ့သို့ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများတွင် ဒေသခံတိုင်းရင်းသားပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြင်ပလူနာ ၃၂၉,၇၅၉ ဦး၊ အတွင်းလူနာ ၉၈,၃၂၈ ဦး၊ မွေးလူနာ ၁၉,၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ အရိုးအကြောဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာရောဂါ၊ နှလုံး နှင့်ဆိုင်သောရောဂါများ၊ အထွေေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အတွင်းလူနာစုစုပေါင်း ၈၁၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ကာလများတွင်လည်း လိုအပ်သည့်ဆေးဝါးများ၊ အောက်ဆီဂျင်များ၊ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုတို့ပူးပေါင်း၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ၃၃ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ရာမှ ယခုအချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းကို ပျမ်းမျှ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရုံမက တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက်မပြတ် ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
- တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများတွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြင်ပလူနာ ၃၂၉,၇၅၉ ဦး၊ အတွင်းလူနာ ၉၈,၃၂၈ ဦး၊ မွေးလူနာ ၁၉,၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းဆိုင်ရာရောဂါ၊ အရိုးအကြောဆိုင်ရာရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊ အထွေေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များကို ဆောင်ရွက်ပေးနိုင်ခဲ့။
Add new comment