ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် ဂျပန်ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး (ဒုတိယအကြိမ်) အသိပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၉ ရက်တွင် ပုဂံမြို့၊ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က-
- ယခုဆွေးနွေးပွဲသည် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အာဆီယံ-ဂျပန်ဗဟိုဌာနနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း။
- ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည်တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ခဲ့သဖြင့် ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ အဓိကဦးတည်စျေး ကွက်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း။
- မြန်မာနှင့် ဂျပန်နိုင်ငံအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဂျပန်ခရီးသွားဧည့်သည်များအပေါ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးစွမ်းနိုင်ရေးကို ရည်မှန်း ပြီး အဆိုပါဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ တာဝန်ရှိသူများက ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် “ခရီးသွားခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အဖြေတစ်ရပ်” ဟူသော ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ငယ်များခွဲ၍လည်းကောင်း၊ “ခရီးသွားခြင်းသည် ကမ္ဘာကြီးအတွက် အဖြေတစ်ရပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ခရီးသွားခြင်းသည် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအတွက် အဖြေတစ်ရပ်” ခေါင်းစဉ်ဖြင့် လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူ များက အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီးသည် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး (ဒုတိယအကြိမ်) အသိပညာပေးဆွေးနွေးပွဲနှင့် ကမ္ဘာလုံး ဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့။
- ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး (ဒုတိယအကြိမ်) အသိပညာပေးဆွေးနွေးပွဲကို မြန်မာနှင့် ဂျပန်နိုင်ငံအကြား ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဂျပန်ခရီးသွားဧည့်သည်များအပေါ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးစွမ်းနိုင်ရေးကို ရည်မှန်းပြီး ကျင်းပခြင်းဖြစ်။
Add new comment