KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

      KNU၊ KNLA မှ အကြမ်းဖက်မှုကိုလိုလားသောအဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်း တစ်လျှောက်အား ၂၀၂၂ ခုနှစ်၊ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။

အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့်နေရာများအား တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့် ပြန်လည်ထိန်းချုပ်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်တွင် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။

ယခုအခါတွင် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းလျက်ရှိနေပြီဖြစ်ရာ ထွက်ပြေးတိမ်းရှောင်နေသူများအနေ ဖြင့် မိမိဒေသသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များ အသုံးပြု၍ ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ဖိတ်ခေါ်လျက်ရှိပါသည်။ ပြန်လည်ဝင်ရောက်လာသူများ အား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၂)

 

  • အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသတစ်ဝိုက်နှင့် မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်အား နိုဝင်ဘာလ ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းလျက်ရှိနေပြီဖြစ်ရာ ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ဖိတ်ခေါ်လျက်ရှိ။
vidos: 

Add new comment