KIA နှင့် PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

       NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများသည်  KIA အဖွဲ့နှင့် ပူးပေါင်းပြီး အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ-

  • နိုဝင်ဘာလ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာသို့ PDF အကြမ်းဖက်သမားများရောက်ရှိလာပြီး ကျေးရွာသူ/ကျေးရွာသားများအား စုဝေး၍ ရွာပြင်သို့ထွက်ရန် အကြမ်းဖက်ခြိမ်းခြောက်ပြောဆိုပြီး ကျေးရွာအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၄၀ လုံး၊ လက်တွန်းထွန်စက် ၆ စီး၊ စပါးချွေလှေ့စက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မီးစက် ၂ လုံးနှင့် စပါးများ မီးလောင်ဆုံးရှုံးခဲ့။
  • နိုဝင်ဘာလ ၂၇ ရက်တွင် ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရွာသားအချို့၏ သတင်းပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းအကြမ်းဖက်အဖွဲ့များသည် ဆုတ်ခွာသွားစဉ် ကျေးရွာအတွင်းရှိ လူနေအိမ် ၄၀ လုံးအား မီးရှို့ဖျက်ဆီးခဲ့။
  • KIA နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး တို့အား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့။

အဆိုပါ မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၁၁-၂၀၂၂)

 

  • ၂၀၂၂ ခုနှစ်အတွင်း KIA နှင့် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး တို့အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့။

 

vidos: 

Add new comment