ဂျပန်နိုင်ငံသို့ ယခုနှစ် မတ်လ တတိယပတ်မှ နိုဝင်ဘာလ တတိယပတ်အထိ ရှစ်လတာကာလအတွင်း မြန်မာအလုပ်သမား ၉,၆၅၃ ဦးစေလွှတ်ထားပြီးဖြစ်ပါသည်။
ထိုသို့စေလွှတ်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဂျပန်နိုင်ငံမှ ပြည်ပအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်မှစတင်၍ ပြည်ဝင်ခွင့်ယာယီပိတ်သိမ်းခဲ့ပြီးနောက် ယခုနှစ် မတ်လ ၁၃ ရက်မှစတင်ကာ ဂျပန်ဘာသာစကားတတ်မြောက်သူ အလုပ်သင် အလုပ်သမား များကိုသာ အဓိကစေလွှတ်ခြင်းဖြစ်ပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံသို့ သင်တန်းသားအလုပ်သမားများ ပိုမိုစေလွှတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနနှင့် Japan Myanmar Association တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်စိုက်ပျိုးရေးနှင့် စားသောက်ကုန်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများ၌ မြန်မာအလုပ်သမားများ အများဆုံးသွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၁-၂၀၂၂)
- ဂျပန်နိုင်ငံသို့ ယခုနှစ် မတ်လ တတိယပတ်မှ နိုဝင်ဘာလ တတိယပတ်အထိ ရှစ်လတာကာလအတွင်း မြန်မာအလုပ်သမား ၉,၆၅၃ ဦးစေလွှတ်ထားပြီးဖြစ်။
- ဂျပန်ဘာသာစကား တတ်မြောက်သူ အလုပ်သင် အလုပ်သမားများကိုသာ အဓိကစေလွှတ်ခြင်းဖြစ်။
Add new comment