၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲ (ဒုတိယနေ့) ကို နိုဝင်ဘာလ ၂၇ ရက်တွင် နေပြည်တော်၊ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်တို့မှ အနုပညာရှင်များက တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်နှင့် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ပါဝင်သီဆိုကပြခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပဒေသာကပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပဒေသာကပွဲအား နိုဝင်ဘာလ ၃၀ ရက်အထိ ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၁-၂၀၂၂)
- (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲ(ဒုတိယနေ့)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဒေသာကပွဲတွင် ပါဝင် သီဆို ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့။
Add new comment