အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

  • မြန်မာနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှုသုံးစွဲခြင်းမှာ များပြားလျက်ရှိသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများသုံးစွဲမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံခြင်းဖြင့် နိုင်ငံ့ဝင်ငွေတိုးတက်ရရှိနိုင်သည့်အပြင် အင်တာနက်ကို  အလွန်အကျွံ အလွဲသုံးမှုများကြောင့် ပြည်သူ များ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချပေးနိုင်မည်ဖြစ်။
  • အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံရာတွင်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများရရှိရေးအတွက် သုံးစွဲသည့်အခွန်ထမ်းများအတွက် လိုအပ်သလို ဖြေလျှော့ပေးနိုင်ရေးစီမံဆောင်ရွက်သွား မည်ဖြစ်။

Add new comment