နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှု

       ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ် ရေးနေ့ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်း တွင် နေပြည်တော်၊ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးကြည့်ရှုခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဝန်ကြီးဌာနများနှင့် ရုံးအဖွဲ့ အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပဒေသာကပွဲတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များက ကပြသီဆို ဖျော်ဖြေတင်ဆက်ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဒေသာကပွဲတွင် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

အဆိုပါ ပဒေသာကပွဲတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရပြီး ပဒေသာကပွဲကြီးကို နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၂)

 

  • ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့ပဒေသာကပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးကြည့်ရှုခဲ့။
  • အဆိုပါပဒေသာကပွဲတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းသိရပြီး ပဒေသာကပွဲကြီးကို နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွား မည်ဖြစ်။

Add new comment