မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G သဘောတူညီမှုအရ ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန်ဆောင်ရွက်လျက်ရှိရာ အချို့သော ဆန်များကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့စက်မှုမြို့တော်ဆိပ်ကမ်းမှ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်တင်ပို့နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်မှစတင်၍ ၂၂ ရက်အထိ ဆန်တန်ချိန် ၁၀,၅၆၅ တန်ကို ပထမအသုတ်အဖြစ် တင်ပို့နိုင်ခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်များတင်ပို့ရာတွင် ဧည့်မထဆန် ၅ မတ်၊ 50 kg အလေးချိန်ရှိ ဆန်အိတ်ပေါင်း ၂၁၁,၃၀၀ အိတ်ကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဒုတိယအသုတ်အနေဖြင့် ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
တိုင်းဒေသကြီးမှထွက်ရှိသော စပါးများကို ကြိတ်ခွဲ၍ တိုက်ရိုက်တင်ပို့မှု၏ အကျိုးကျေးဇူးအဖြစ် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့သော ကုန်ကျစရိတ် များစွာသက်သာစေခဲ့ပြီး ဆန်စက်ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ အထွေထွေကုန်ကျစရိတ်သက်သာမှုဖြင့် မူလဝင်ငွေထက် သာလွန်သော ဝင်ငွေများကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၂)
- ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်အနေဖြင့် ဆန်တန်ချိန် ၁၀,၅၆၅ တန် တင်ပို့နိုင်ခဲ့။
- တိုင်းဒေသကြီးမှထွက်ရှိသော စပါးများကို ကြိတ်ခွဲ၍ တိုက်ရိုက်တင်ပို့မှု၏ အကျိုးကျေးဇူးအဖြစ် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့သော ကုန်ကျစရိတ်များစွာသက်သာစေခဲ့ပြီး ဆန်စက်များနှင့် လုပ်ငန်းရှင်များ အထွေထွေကုန်ကျစရိတ်သက်သာမှုဖြင့် မူလဝင်ငွေထက် သာလွန်သော ဝင်ငွေများကို ရရှိခဲ့။
Add new comment