မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာနှီးနွှယ်ဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကျင်းပ

       မဲခေါင်ဒေသတွင်းနိုင်ငံများဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ Grand Aster Villa ၌ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များက Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-

  • စက်မှုဝန်ကြီးဌာနအနေဖြင့် E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း ၁၀၀ ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချခွင့် ရရှိ မည်ဖြစ်၍ Digital Platform ကိုအသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း။
  • အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုထည့်သွင်းပြသရောင်းချနိုင်ရေးအတွက် ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များမြှင့်တင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာနှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၂)

 

  • မဲခေါင်ဒေသတွင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက် တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့။
  • အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပြီး အဆင်သင့်ဖြစ်သည့်အချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း ၁၀၀ ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချခွင့်ရရှိမည်ဖြစ်၍ Digital Platform ကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာနှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်။

Add new comment