စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာရှိ “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ နိုဝင်ဘာလ ၂၃ ရက်တွင် PDF အကြမ်းဖက်သမားများက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသာမိ၏ အခန်းအတွင်းရှိ ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရပ်ထားသည့် ALPHARD မော်တော်ယာဉ်တို့အား ခြိမ်းခြောက်လုယက်ယူဆောင် မောင်းနှင်သွားခဲ့ပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါအဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေကြေး ထောက်ပံ့မှုမရရှိခြင်း၊ စားဝတ်နေရေးခက်ခဲမှုရှိခြင်းအစရှိသည့် ငွေကြေးလိုအပ်ချက်များစွာရှိသောကြောင့် ငွေကြေးအလွယ်တကူရရှိနိုင်သည့် ခိုးဆိုးလုယက်မှုများမှသည် လူသတ်ဓားပြတိုက်သည်အထိ အသိဉာဏ်မဲ့ မိုက်ရူးရဲဆန်သည့်အပြုအမူများပါ ပြုလုပ် လျက်ရှိပါသည်။
အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၁-၂၀၂၂)
- ကင်းကျေးရွာရှိ “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်၍ ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မော်တော်ယာဉ် ၁ စီးအား PDF အကြမ်းဖက်သမားများက ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့။
- PDF အကြမ်းဖက်သမားများသည် ငွေကြေးလိုအပ်ချက်ကြောင့် ခိုးဆိုးလုယက်မှုများမှသည် လူသတ်ဓားပြတိုက်သည်အထိ အသိဉာဏ်မဲ့ မိုက်ရူးရဲဆန်သည့် အပြုအမူများပါ ပြုလုပ်လျက်ရှိ။
Add new comment