နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/ ၂၀၂၂၊ ၂၁၉/ ၂၀၂၂၊ ၂၂၀/ ၂၀၂၂ နှင့် ၂၂၁/ ၂၀၂၂ တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၈/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့် မဟာသရေစည်သူဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့ ၃၂ ဦး၊ စုစုပေါင်း ၃၃ ဦး။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၉/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့် စည်သူဘွဲ့ ၄၆ ဦး၊ သီရိပျံချီဘွဲ့ ၅၂ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၃၅ ဦး၊ စုစုပေါင်း ၁၃၆ ဦး။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၀/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအနေဖြင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၁ ဦး၊ ရဲဗလတံဆိပ် ၂၉ ဦး၊ နည်းပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်၊ တတိယအဆင့်) ၃ ဦး၊ စုစုပေါင်း ၃၃ ဦး။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၁/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့် အလင်္ကာကျော်စွာဘွဲ့ ၆ ဦး ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူစုစုပေါင်း ၁၇၅ ဦးနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူစုစုပေါင်း ၃၃ ဦးတွင် စာပေနှင့် အနုပညာနယ်ပယ်၌ စွမ်း စွမ်းတမံဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ ၁၉၆၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာဝပြောရေးအတွက် နိုင်ငံ့ တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များလည်းပါဝင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စုစုပေါင်း ၁၇၅ ဦးနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ စုစုပေါင်း ၃၃ ဦးရှိ။
Add new comment