ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် Gyeongbuk College ဥက္ကဋ္ဌနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် နိုဝင်ဘာလ ၂၃ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ Gyeon-gbuk College ဥက္ကဋ္ဌ Mr. Lee Un Gik နှင့်အဖွဲ့ကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)

 

  • တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ Gyeongbuk College ဥက္ကဋ္ဌနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံရာတွင် တိုင်းရင်းသားလူမျိုးများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment