ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ၎င်း၏ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တွေ့ဆုံဆွေးနွေး

     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် (Re-presentative) အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Thushara Eraj Indranath Fernando က နိုဝင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ တွေ့ဆုံ‌ခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ဆေးကုသမှုပညာရပ်များ သင်တန်းပေးနိုင်ရေးကိစ္စ၊ ကင်ဆာရောဂါဓာတ်ရောင်ခြည်နှင့် အဏုမြူရောင်ခြည် ဆေးကုသမှုဆိုင်ရာ သင်တန်းများ စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေး ဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)

 

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်သည်-
    • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့။
    • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ နှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့။

Add new comment