အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့သည့် တရားခံများအားဖမ်းဆီးရမိ

      ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်ရှိ ပုဇွန်တောင်ဘူတာ ဘူတာရုံးခန်းအတွင်းသို့ အကြမ်းဖက်သမား အမျိုးသားနှစ်ဦး ဝင်ရောက်လာပြီး ဘူတာစာရေး ဦးသိန်းဝင်းထွန်းအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ခန်းခကောက်ခံငွေနှင့် ရထားလက်မှတ်ရောင်းရငွေ စုစုပေါင်းငွေကျပ်သိန်း ၂၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့မှ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်၌ ပုဇွန်တောင်ဘူတာရုံးခန်းအား ဓားပြတိုက်လုယက်ရာတွင် ပါဝင်ခဲ့သည့် သူရိန်ထွန်း (ခ) ဖိုးသား၊ အိအိဇော်နှင့် ဝေလင်းအောင်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဆက်စပ်တရားခံများ ဖြစ်သော ရဲရင့်ခန့်နှင့် ထွန်းလင်းအောင်တို့ ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းတရားခံများနှင့်အတူ ပစ္စတို စုံ ၃ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ် ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာအချောင်း ၁၀၀ နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ -

  • သူရိန်ထွန်းနှင့် ရဲရင့်ခန့်တို့ ၂ ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ အားညီ၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် KNLA တပ်မဟာ (၇) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများအား အားညီသည် မြဝတီမြို့မှတစ်ဆင့် ၎င်းတို့ထံသို့ ပို့ ဆောင်ပေးခဲ့။
  • ဓားပြတိုက်လုယက်မှုဖြစ်စဉ် မဖြစ်ပွားမီ ဘူတာစာရေး သန်းဇော်ဦး (နိုဝင်ဘာလ ၁ ရက်တွင် ဖမ်းဆီးရမိ)သည် လက်ဖက်ရည်ဆိုင်သို့ ကြိုတင်သွားရောက် ရှောင်တိမ်းနေခဲ့ပြီး သူရိန် ထွန်းနှင့် ရဲရင့်ခန့်တို့အား ဖုန်းဆက်၍ ပုဇွန်တောင်ဘူတာရုံးခန်း၌ ဘူတာစာရေး ဦးသိန်းဝင်းထွန်းသာရှိသဖြင့် ဓားပြတိုက်လုယက်ရန် သတင်းပေးခဲ့ရာ သူရိန်ထွန်းနှင့် ရဲရင့်ခန့်တို့သည် ရုံးခန်းအတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်လုယက်မှု ကျူးလွန်နေစဉ် ထွန်းလင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့။
  • ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား သူရိန်ထွန်းနှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ အပြစ် မဲ့ပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့။
  • ဩဂုတ်လ ၈ ရက်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး(အရှေ့)ရပ်ကွက်ရှိ ရာအိမ်မှူး ဦးကျော်မင်းဟန်အား သူရိန်ထွန်းမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ထွန်းလင်း အောင်မှ အခြေအနေကြည့်ပေးခဲ့။
  • စက်တင်ဘာလ ၁၀ ရက်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်၊ ဗညားဒလလမ်းပေါ်၌ သူရိန်ထွန်းနှင့် ထွန်းလင်းအောင်တို့မှ လက်လုပ်ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့ပြီး ရဲရင့်ခန့်မှ အခြေအနေကြည့်ပေးခဲ့။
  • စက်တင်ဘာလ ၁၃ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မီးရထားဝင်းအတွင်းရှိ သက်သာဆိုင်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား သူရိန်ထွန်းမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွန်းလင်းအောင်မှ အခြေအနေကြည့်ပေးခဲ့။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။                                                                       

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)

 

  • ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်ခဲ့ သည့် တရားခံများအား ပစ္စတိုမျိုးစုံ ၃ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ ကျည်မျိုးစုံ ၁၅၂ တောင့်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ TNT ယမ်းတောင့် ၁၆ တောင့်၊ ဒီတိုနေတာအချောင်း ၁၀၀ နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Add new comment