၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “စာပေစွမ်းအား ကလောင်အားဖြင့် ရှေ့သို့ချီမည် ပန်းတိုင်ဆီ ”Video Clipကို ကြည့်ရှုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည်မှာ ယခုအခါနှစ် ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း။
- မိမိတို့မြန်မာစာပေသည် ပုဂံခေတ် ၁၂ ရာစုအစတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ယခုမျက်မှောက်ခေတ်အထိဆိုပါက နှစ်ပေါင်း ၁,၀၀၀ နီးပါး သက်တမ်းရှိပြီဖြစ်ကာ မြန်မာစာပေ၌ အစောဆုံး စာပေအရေးအသားအဖြစ် သက္ကရာဇ်အခိုင်အမာပါရှိသည့် ရာဇကုမာရ်ကျောက်စာကို ရည်ညွှန်းကြကြောင်း။
- မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးရန်အတွက် ကြိုးပမ်းကြရာတွင် စာပေကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ စာပေပညာရှင်ကြီးများကို အားပေးချီးမြှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များ၏ စေတနာသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိကြောင်း။
- အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆုစသည်ဖြင့် စာဆိုတော်ကြီးများကို ဆုများပေးအပ်၍ ချီးကျူးဂုဏ်ပြုခြင်း၊ စာရေးဆရာ အသင်းအဖွဲ့များ ဖွဲ့စည်းပြီး စာပေလှုပ်ရှားမှုများပြုလုပ်ခြင်း၊ စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့သည်လည်း မြန်မာ့စာပေလောက ဖွံ့ဖြိုးတိုး တက်မှုအတွက် အထောက်အပံ့ကောင်းများဖြစ်ကြောင်း။
- ဆုချီးမြှင့်မည့် ဘာသာရပ်များကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုး ရှိလာခဲ့ပြီဖြစ်သည့်အပြင် မြန်မာစာပေ အကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်တွင် စတင်၍ချီးမြှင့်ခဲ့ကြောင်း။
- ၎င်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေရန် အခက်အခဲရှိသည့် ကလောင်ရှင်များ၏ စာမူကောင်းများကို စာအုပ်အဖြစ်ထုတ်ဝေပေးရန်နှင့် ဆုချီးမြှင့်နိုင်ရေးရည်ရွယ်ပြီး ပြိုင်ပွဲဝင်စနစ်ဖြင့် “စာပေဗိမာန်စာမူဆု” အဖြစ် ရွေးချယ်ပြီး ဘာသာရပ် ၁၄ မျိုးအထိ ဆုချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း။
- ယနေ့အခမ်းအနားတွင် အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက် ဘာသာရပ် ၁၄ ခုထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်သည့်စာမူပေါင်း ၂၈ ခု ကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
- ၂၀၂၂ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ကြီး ၄ ဦးသည်လည်း မိမိတို့ဘဝတစ်လျှောက်လုံး စာပေလောကထဲတွင် နှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများ ပြည်သူအတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသစာပေများကို တစိုက်မတ်မတ်ရေးဖွဲ့ခဲ့ကြသူများဖြစ်ကြောင်း။
- ယခုစာပေပညာရှင်ကြီးများ၏ စာပေလက်ရာများသည် မြန်မာ့စာပေလောကဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရုံသာမက“ စာပေမြင့်မှ လူမျိုးတင့်မည် ” ဆိုသည့်ဆောင်ပုဒ်အတိုင်း၊ နိုင်ငံနှင့်လူမျိုးအကျိုး မြှင့်တင်ပေးနေသည့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုချီးမြှောက်ခွင့်ရသဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း။
- နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့်အနုသုခုမပညာရပ်များသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာ တွင် အဓိကအခြေခံထားကြကြောင်း။
- မြန်မာမင်းများလက်ထက်မှစပြီး နိုင်ငံတော်အစိုးရအဆက်ဆက်တို့သည် နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် စာပေအနုပညာယဉ်ကျေးမှုနယ်ပယ်မှ စာပေနှင့် အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှောက်ခဲ့ကြကြောင်း။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ၂၀၂၂ ခုနှစ်၊ မတ်လတွင် စာပေနှင့် အနုပညာနယ်ပယ်က ထူးချွန်သူ ၂၅ ဦး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ၈ ဦးနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့၌ ၇ ဦးတို့ကို အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း။
- လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်ကစ၍ ယနေ့မျက်မှောက်ခေတ်ကာလအထိ အလင်္ကာကျော်စွာ ဘွဲ့ရရှိသူပေါင်း ၆၄ ဦးရှိပြီဖြစ်၍ အဆိုပါပုဂ္ဂိုလ်များထဲတွင် စာပေပညာရှင် များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး၊ ဆရာမကြီး ၁၉ ဦးလည်း ပါဝင်ကြောင်း။
- ယနေ့ အစိုးရလက်ထက်တွင်လည်း အနုပညာနယ်ပယ်အသီးသီးရှိ အနုပညာဖန်တီးမှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် “အနုပညာဗဟိုဌာနအဆောက်အဦ (Art Centre)”များနှင့် စာပေလောကသားများ စုစည်းဆောင်ရွက်စေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်အတွက် “စာဆိုဗိမာန်” ကိုလည်း တည်ဆောက်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း။
- အသိပညာကို အတွေ့အကြုံနှင့် စာပေကရနိုင်သည့်အတွက် လူတိုင်းစာဖတ်သင့်ကြောင်း ရှေးအဆက်ဆက်ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်အားလုံးတို့၏ တူညီသော မြွက်ဟမှုသည်လည်း “စာဖတ်တယ်” ဆိုသည့်စကားပင်ဖြစ်ကြောင်း။
- လူတိုင်းသည် ကိုယ်တွေ့ဖြင့်သာ မည်သည့်အလုပ်၊ မည်သည့်အကြောင်းအရာကိုမျှ ကုန်စင်အောင်မသိနိုင်သဖြင့် နှစ်ပေါင်းများစွာကြုံတွေ့ရရှိခဲ့သည့် လူပေါင်းများစွာတို့၏ အသိများ၊ အတွေးများကို စုစည်းထားသည့်စာအုပ်စာပေများကို ဖတ်ကြမှသာ လုံလောက်သည့် အသိပညာအလိမ္မာကို ရရှိစေမည်ဖြစ်ကြောင်း။
- စာပေပညာရှင်ကြီးများ၊ သတင်းစာပညာရှင်ကြီးများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် စာပေရေးသားခြင်းလုပ်ငန်းများ၊ သတင်းစာပညာရပ်များနှင့် မီဒီယာလုပ်ငန်းများကို ဆောင်ရွက် ကြရာတွင် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးကို ဦးတည်ဆောင်ရွက်ပေးကြရန် လိုအပ်သည်ကို တိုက်တွန်း မှာကြားလိုကြောင်း။
- မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ကြီး ၄ ဦး၊ အမျိုးသားစာပေဆုရရှိသူများနှင့် စာပေ ဗိမာန်စာမူဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၁-၂၀၂၂)
- မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်၌ စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီဖြစ်။
- မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးရန်အတွက်ကြိုးပမ်းကြရာတွင် စာပေကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏အခန်းကဏ္ဍသည် အရေးပါသကဲ့သို့ စာပေပညာရှင်ကြီးများ ကို အားပေးချီးမြှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များ၏ စေတနာသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်လျက်ရှိ။
- မြန်မာစာပေအကျိုးကို တစ်သက်တာလုံး အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစိုက်မတ်မတ် စာပေရေးသားပြုစုခဲ့သည့် စာပေပညာရှင်ကြီးများကို အသိအမှတ်ပြုချီးမြှောက်သည့် အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်တွင် စတင်၍ ချီးမြှင့်ခဲ့။
- ယနေ့အခမ်းအနားတွင် အမျိုးသားစာပေဆုအတွက် ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၆၆ အုပ်ထဲမှ ဘာသာရပ် ၁၉ ခုအနက် ဘာသာရပ် ၉ ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၆၂ စောင်အနက် ဘာသာရပ် ၁၄ ခု ထဲမှ ဆုချီးမြှင့်ရန် ထိုက်တန်သည့်စာမူပေါင်း ၂၈ ခု ကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်။
- လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ်ကစ၍ ယနေ့မျက်မှောက်ခေတ်ကာလအထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူပေါင်း ၆၄ ဦးရှိပြီဖြစ်၍ အဆိုပါပုဂ္ဂိုလ်များထဲတွင် စာပေပညာရှင် များအဖြစ် တစ်သက်တာစာပေဆုရ ဆရာကြီး၊ ဆရာမကြီး ၁၉ ဦးလည်း ပါဝင်။
- စာပေပညာရှင်ကြီးများ၊ သတင်းစာပညာရှင်ကြီးများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် စာပေရေးသားခြင်းလုပ်ငန်းများ၊ သတင်းစာပညာရပ်များနှင့် မီဒီယာလုပ်ငန်းများကို ဆောင် ရွက်ကြရာတွင် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးကို ဦးတည်ဆောင်ရွက်ပေးကြရန်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ကြီး ၄ ဦး၊ အမျိုးသားစာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့။
Add new comment