ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်အာခါမိုဟာဆီနာပါတိုင်းတဲ့ချိုဟွန်ဆင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ် ရောက်ရှိ ခဲ့ပါသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား နှစ် နိုင်ငံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာအကျိုးတူကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် ဇန်နဝါရီလ ၇ ရက်တွင် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိခဲ့။
  • ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ ရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာ အကျိုးတူကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်။

 

 

Add new comment