နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းကရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ) အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၁-၂၀၂၂)
- ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို လိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ) အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်က အပိုဆောင်း ငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်။
Add new comment