ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

      ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအသီးသီးသို့တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်တွင် ဆေးတက္ကသိုလ်() ရန်ကုန်၌ hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက-

  • ယခုနှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်စာမေးပွဲစနစ်သစ်၌ လူတွေ့နှုတ်မေးစာမေးပွဲများ မေးမြန်းဖြေဆိုခြင်းပါဝင်ပြီး အမှန်တကယ်ဝါသနာပါသည့် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများကိုသာ ရွေးချယ်စိစစ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
  • ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ၁,၁၂၃ ဦး၊ မိမိစားရိတ်ဖြင့် ၃၆ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ၂၂၄ ဦး၊ မိမိစားရိတ်ဖြင့် ၂ ဦးတက်ရောက်ခွင့်ရရှိခဲ့ကြောင်း။
  • တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် ခြောက်ဘာသာပေါင်းရမှတ်နှင့် ရွေးချယ်ခဲ့သည့် တက္ကသိုလ်များဖြစ်သည့် ဆေးဝါးတက္ကသိုလ်များသို့ ၃၇၅ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များသို့ ၃၃၈ ဦး၊ သူနာပြုတက္ကသိုလ်များသို့ ၅၂၈ ဦး၊ အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ၂၀၄ ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်သို့ ၁၆၁ ဦးတို့ အသီးသီးတက်ရောက်ခွင့်ရရှိခဲ့ကြောင်း။
  • သစ်လွင်မောင်မယ်များအနေဖြင့် တက္ကသိုလ်နယ်မြေ၌ ပညာရပ်အသီးသီးကို ဆုံးခန်းတိုင်သင်ယူ၍ မိမိတို့၏ဘဝရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည်အထိ ကြိုးစားကြရန်နှင့် ပြည်သူများကို အလုပ်အကျွေးပြုသည့် ဆေးနှင့်‌ ဆေးဘက်ဆိုင်ရာပညာရှင် များဖြစ်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ သစ်လွင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မန္တလေး၊ မကွေးနှင့် တောင်ကြီးမြို့တို့ရှိ ဆေးတက္ကသိုလ်နှင့်‌ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ တာဝန်ရှိသူများက အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၃-၁၁-၂၀၂၂)

 

  • ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
  • ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ၁,၁၂၃ ဦး၊ မိမိစားရိတ်ဖြင့် ၃၆ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ၂၂၄ ဦး၊ မိမိစားရိတ်ဖြင့် ၂ ဦးတက်ရောက်ခွင့်ရရှိ။
  • ဆေးဝါးတက္ကသိုလ်များသို့ ၃၇၅ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များသို့  ၃၃၈ ဦး၊ သူနာပြုတက္ကသိုလ်များသို့ ၅၂၈ ဦး၊ အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ၂၀၄ ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်သို့ ၁၆၁ ဦးတို့ တက်ရောက်ခွင့်ရရှိ။

Add new comment