NUG ၏လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် ပညာရေးကဏ္ဍအပေါ် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား အတင်းအဓမ္မလုယူခြင်း၊ ဖျက်ဆီးခြင်းများစသည့် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ-
- နိုဝင်ဘာလ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းစောင့်ဖြစ်သူ ဦးစန်းလွင် (၅၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ ပေါက်မြို့နယ်၊ မြသိန်းတန်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဒုတိယ အလယ်တန်းပြကျောင်းဆရာမဖြစ်သူ မဇင်ဝေလွင် (၃၅) နှစ်တို့အား PDF အကြမ်းဖက်သမားများက “ဒလန်” အမည်တပ်၍ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်သွားခဲ့။
- အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သဲဖြူချောင်းဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အကြမ်းဖက်သမားများရောက်လာပြီး အဆိုပါကျောင်းရှိ ကျောင်းနံရံများ၊ အိမ်သာနံရံများ၊ စာရေးစားပွဲခုံများ၊ ကျောင်းသုံးစာအုပ်များ အပေါ်တွင် သင်္ဘောဆေးများဖြင့် “PDF/ PDS” စာသားများရေးသားထားကာ စာသင်ကျောင်းအတွင်းရှိ ဗီဒိုများ၊ ရုံးသုံးပစ္စည်းစာရေးကိရိယာများအား မွှေနှောက်ဖျက်ဆီးခဲ့။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး ယခုကဲ့သို့ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန်အားပေး လှုံ့ဆော်နေသည့် အဆိုပါ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ၎င်းတို့၏လှုပ်ရှားမှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ပြည်သူများအား မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၁-၂၀၂၂)
- မြိုင်မြို့နယ်ရှိ မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းစောင့်ဖြစ်သူနှင့် ၎င်း၏သမီးဖြစ်သူ ဒုတိယအလယ်တန်းပြကျောင်းဆရာမဖြစ်သူတို့ ၂ ဦးအား PDF အကြမ်းဖက်သမားများက “ဒလန်” အမည်တပ်၍ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်သွားခဲ့။
- တောင်ငူမြို့နယ်၊ သဲဖြူချောင်းဝကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အကြမ်းဖက်သမားများရောက်လာပြီး ကျောင်းဝင်းအတွင်းရှိပစ္စည်းများအား ဖျက်ဆီးထားခဲ့။
Add new comment