မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေးကို နိုဝင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေနိုင်ရေးအစီအစဉ် ဒုတိယအဆင့်ဖြစ်သော ဘဝတည်မြဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာလိုအပ်ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေး ခဲ့ပြီး မြေပြင်လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၁-၂၀၂၂)
- အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေနိုင်ရေးအစီအစဉ် ဒုတိယအဆင့်ဖြစ်သော ဘဝတည်မြဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာလိုအပ်ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုး တက်မှုများကို ဆွေးနွေးခဲ့ပြီး မြေပြင်လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအပေါ် ညှိနှိုင်းဆွေးနွေးခဲ့။
Add new comment