ရွှေကျင်မြို့နယ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

       နိုဝင်ဘာလ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ "သရက်ချောင်း" ချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တံတားကြမ်းခင်း အလျား ၁၂ ပေ၊ အကျယ် ၂၅ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးလျက်ရှိသည့်အပြင် ယခုကဲ့သို့လမ်းတံတားများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများရှိသည့်အတွက် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား ရွံရှာမုန်းတီးလျက်ရှိပါသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၁-၂၀၂၂)

 

  • ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ "သရက်ချောင်း"ချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိ။

Add new comment