ဘားအံမြို့နယ်ရှိ အပြစ်မဲ့ပြည်သူများအား PDF အကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

       နိုဝင်ဘာလ ၁၇ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ ဒေါ်စန်းအေးသည် သမီးဖြစ်သူ မခိုင်စံပယ်ခင် (၈) နှစ်၊ မပြည့်ပြည့်ဖြိုး (၁၀) နှစ်၊ သားဖြစ်သူ မောင်စောအောင် မြင့်ထွန်းနှင့် ၎င်း၏အိမ်သို့ အလည်အပတ်ရောက်ရှိနေသူ စောအောင်ကျော်မြင့်တို့ နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမားများက မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် မခိုင်စံပယ်ခင်၊ မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ဒေါ်စန်းအေးနှင့် မပြည့်ပြည့်ဖြိုးတို့မှာ ထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရပါသည်။

အစွန်းရောက် PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့လူမဆန်စွာ သတ်ဖြတ်ခဲ့မှုများတွင် အရွယ်မရောက်သေးသည့် အပြစ်မဲ့ကလေးသူငယ်များပါမချန် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာဖြစ်သဖြင့် ပြည်သူတစ် ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များကို ရွံရှာမုန်းတီးလျက်ရှိပါသည်။

 ဒေသခံပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၁-၂၀၂၂)

 

  • ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် (၈)နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

 

 

Add new comment