နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂၊ ၂၁၂/ ၂၀၂၂၊ ၂၁၃/ ၂၀၂၂၊ ၂၁၄/ ၂၀၂၂ နှင့် ၂၁၅/ ၂၀၂၂ တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအနေဖြင့် မဟာသရေစည်သူ ဘွဲ့ ၁ ဦး၊ စည်သူဘွဲ့ ၄၁ ဦး၊ သီရိပျံချီဘွဲ့ ၄၅ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၆၃ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၇ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၈ ဦး၊ စုစုပေါင်း ၁၈၄ ဦးနှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၃ ဦး၊ ရဲသီဟတံဆိပ် ၁ ဦး၊ ရဲသူရတံဆိပ်၂၁ ဦး၊ ရဲဗလတံဆိပ် ၁၅၅ ဦး၊ ရဲသူရိန်တံဆိပ် ၁ ဦး၊ ရဲကျော်စွာတံဆိပ် ၁ ဦး၊ ရဲကျော်သူတံဆိပ် ၅ ဦး၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်)၂၁၄ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၁၈၅ ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ် (ပထမအဆင့်) ၁၁ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(ပထမအဆင့်) ၂၃ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ဒုတိယအဆင့်၊ တတိယအဆင့်) ၈၄ ဦး၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂ ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်၊ တတိယအဆင့်) ၂ ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၁၂ ဦး၊ အနုပညာ ထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၉၈ ဦး၊ စာပေပညာထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၁၀ ဦး၊ စုစုပေါင်း ၈၂၈ ဦး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၂/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့် သီရိပျံချီဘွဲ့ ၂၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့  ၅၉ ဦး၊ စုစုပေါင်း ၈၂ ဦး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၃/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့် စည်သူဘွဲ့  ၂ ဦး၊ သီရိပျံချီဘွဲ့ ၃၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၆ ဦး၊ စုစုပေါင်း ၄၀ ဦး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၄/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအနေဖြင့် သီရိပျံချီဘွဲ့  ၂ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁ ဦး၊ စုစုပေါင်း ၃ ဦးနှင့် စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁ ဦး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၅/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအနေဖြင့် စည်သူဘွဲ့ရရှိသူ  ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. Army General Sergey Kuzhugetovich Shoigu နှင့် သီရိပျံချီဘွဲ့ရရှိသူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး  Colonel General Alexander Vasilyevich Fomin နှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အပါအဝင် ၂၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၉ ဦး၊ စုစုပေါင်း ၃၉ ဦးနှင့် စီမံထူးချွန်တံဆိပ်(ပထမအဆင့်) ရရှိသူ Mr. Alexander Vladimirovich OSTROVSKY (Expert Federal Service for Military- Technical Cooperation(FSMTC)Russian Federation) နှင့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ၁ ဦး၊ စုစုပေါင်း ၂ ဦး ရရှိခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စုစုပေါင်း ၃၄၈ ဦးနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ စုစုပေါင်း ၈၃၁ ဦး တွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သူများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သူများ လည်း ပါဝင်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၁-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စုစုပေါင်း ၃၄၈ ဦးနှင့် ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ စုစုပေါင်း ၈၃၁ ဦးရှိ။

Add new comment