နိုဝင်ဘာလ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ မြေသယ်အရပ်မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါယာဉ်မောင်းတွင် မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားယာဉ်များအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးများကောက်ခံခြင်းများအပြင် ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားယာဉ်များကိုပါ အကြောင်းမဲ့နှောင့်ယှက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၁-၂၀၂၂)
- PDF အကြမ်းဖက်သမားများက မြေသယ်အရပ်မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့။
- PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ကိုယ်ပိုင်အကျိုးစီးပွားယာဉ်များကိုပါ အကြောင်းမဲ့နှောင့်ယှက်ဖျက်ဆီးလျက်ရှိ။
Add new comment