ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာတွင်-
- မြန်မာဆိုသည်မှာ လူမျိုးတစ်မျိုးတည်း၏ အမည်နာမ မဟုတ်ဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုဆိုလိုခြင်းဖြစ်ကြောင်း။
- ကိုလိုနီနယ်ချဲ့တို့သည် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ပညာရေးတို့ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ကျွန်သက်ရှည်အောင် လုပ်ဆောင်ခဲ့ကြပြီး ပညာရေးစနစ်ကို အကောင်းဆုံးလက်နက်တစ်ခုအဖြစ် အသုံးချ၍ မြန်မာတို့ကို အသိဉာဏ်ပညာနိမ့်ပါးအောင် ပြုလုပ်ခဲ့ကြကြောင်း။
- ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဗြိတိသျှအစိုးရက ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခုတို့ ပါဝင်ဖွဲ့စည်းကာ ရန်ကုန်တက္ကသိုလ်အဖြစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့ကြောင်း၊ ထိုအက်ဥပဒေသည် မြန်မာလူမျိုးအများစု တက္ကသိုလ်ပညာသင်ယူခွင့်မရအောင် ကန့်သတ်ထားခြင်းဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများက ဆန့်ကျင်ခဲ့ ကြပြီး ထိုလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးပါဝင်ခဲ့ကြကြောင်း။
- ၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သော ဂျီစီဘီအေအထူးကွန်ဖရင့်က “အမျိုးသားနေ့”ဟု သတ်မှတ်ခဲ့ကြကြောင်း၊ အဆိုပါနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအပေါ် အောင်ပွဲခံသောနေ့ဖြစ်၍ “အမျိုးသားအောင်ပွဲနေ့”ဟုလည်း ခေါ်ဝေါ် ခြင်း ဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် အမျိုးသားရေး စိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သောစုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အောင် မြင်စွာ တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တို့အပေါ်တွင် အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည် ဆောက်လျက်ရှိကြောင်း။
- လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသအသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏အကျိုးကို ရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း။
- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည့် အားလျော်စွာ ကျောင်းနေအရွယ်လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းတက်ရောက်နိုင်ရေးအတွက် အခမဲ့ပညာရေးဖြင့် အကောင်အထည်ဖော်လျက်ရှိရာ မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ရေးမှာ အရေးကြီးလှကြောင်း။
- နိုင်ငံသားတိုင်း ပညာတတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာတတ်မြောက်သော ပညာရည်မြင့်မားသော ပညာတတ်များ၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးက လေ့ကျင့်ပျိုးထောင်ပေးသည့် တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း။
- နိုင်ငံသားတိုင်းက ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များဖြစ်သော-
- ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး၊
- ကောင်းမြတ်မှန်ကန်သော မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရ ရှင်သန်ထက်မြက်ရေး၊
- အမျိုးသားပညာရည်မြှင့်တင်လျက် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများ ပေါ်ထွန်းလာစေရေး၊
- မြန်မာ့လူမှုစီးပွားရေးကို ခေတ်မီနည်းပညာစွမ်းအားဖြင့် မြင့်မားအောင်ဆောင်ရွက်ရေးတို့အတွက် ခိုင်မြဲသောစိတ်ဓာတ်၊ မလျှော့သောဇွဲလုံ့လ၊ ကြီးမားသော ဉာဏ်ပညာတို့ဖြင့် ဆက်လက်ကြိုးပမ်း အကောင်ထည်ဖော်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။
“နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့”ဟူသော (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ ဘိုးဘွားအမွေ အမိပြည်ထောင်စုကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် သွားကြပါရန်၊ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်သွားကြပါရန်၊ အတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို အားလုံးက ကြိုးစားပြုစုပျိုးထောင်ပေးကြပါရန်၊ ခေတ်စနစ်လိုအပ်ချက်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်စေသော ပညာရေးစနစ်ဖြစ်ပေါ်ရေးကို ဝိုင်းဝန်းစွမ်းဆောင်ပေးကြပါရန် အလေးအနက် တိုက်တွန်းခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၁-၂၀၂၂)
- မြန်မာဆိုသည်မှာ လူမျိုးတစ်မျိုးတည်း၏ အမည်နာမ မဟုတ်ဘဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားပြုဆိုလိုခြင်းဖြစ်။
- နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့အပေါ်တွင် အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိ။
- လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသအသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏အကျိုးကို ရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းလျက်ရှိ။
- နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည့်အားလျော်စွာ ကျောင်းနေအရွယ်လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းတက်ရောက်နိုင်ရေးအတွက် အခမဲ့ပညာရေးဖြင့် အကောင်အထည်ဖော်လျက်ရှိရာ မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ရေးမှာ အရေးကြီး။
Add new comment