ဘုရားသုံးဆူနယ်မြေအတွင်းရှိ သဗြုမိုင်းတွင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

    ဘုရားသုံးဆူနယ်မြေအတွင်းရှိ သဗြုမိုင်းတွင်းကို တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းမိုင်းတွင်းသည် အစိုးရခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် မိုင်းတွင်းများဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်တွင် သေဆုံးသူများထဲမှာမှ နိုင်ငံခြားသားများပါ ပါဝင်နေကြောင်း မီဒီယာအချို့က သတင်းအမှားများ ရေးသားဖော်ပြနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြစ်စဉ်အမှန်အား အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်-

  • ဘုရားသုံးဆူ၊ သဗြုမိုင်းတွင်းဒေသမှာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုရှာဖွေရေးလုပ်ငန်းမရှိကြောင်း။
  • ၂၀၁၆ ခုနှစ် မတိုင်ခင်က သဗြုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် အခြားကုမ္ပဏီဘက်ကလုပ်သည့် မိုင်းတွင်းအချို့ ရှိခဲ့ဖူးကြောင်း၊ ၎င်းတို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကြောင်း။
  • စာချုပ်သက်တမ်းကုန်ဆုံးသည့်အတွက် ၎င်းတို့အနေဖြင့် ဆက်လက်ပြီးလုပ်ကိုင်ရန် အစိုးရကို လျှောက်ထားခဲ့ကြောင်း၊ အစိုးရအနေဖြင့်လည်း မိုင်းတွင်းများနှင့် ပတ်သက်ပြီး စာချုပ်သက်တမ်းကုန်ဆုံးသည့်အတွက် ပယ်ဖျက်ခဲ့ပြီး မိုင်းတူးဖော်ရေး၊ သတ္တုတူးဖော်ရေးကုမ္ပဏီများကို အကြောင်းကြားခဲ့ပြီးဖြစ်သည့်အပြင် သဗြုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်ကိုလည်း အကြိမ်ကြိမ်အကြောင်းကြားခဲ့ကြောင်း။
  • အထောက်အထားအရ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တွင် တစ်ကြိမ် လုပ်ငန်းဖျက်သိမ်းမှုအကြောင်းကို အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း၌ KNU တပ်မဟာ(၆)နှင့် ညှိနှိုင်းပြီး တရားမဝင် သတ္တုခိုးတူးမှုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း။
  • အချို့မီဒီယာများ၌ တရားဝင်ခွင့်ပြုထားသည့် မိုင်းတွင်းဆိုပြီး စွပ်စွဲဖော်ပြနေမှုများ ရှိကြောင်း၊ ၎င်းဒေသသည်  KNU တပ်မဟာ(၆)၏ လှုပ်ရှားမှုနယ်မြေဖြစ်ပြီး ၎င်းနယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီးဖြစ် ကြောင်း။
  • ကနဲလေး-မော်ခီးလမ်း၌ လမ်းဆောက်လုပ်ရေး အလုပ်လုပ်နေတဲ့ အရပ်သား (ကျား၊ မ၊ ကလေး ၁၀ ယောက်အပါအဝင်) ၄၇ ယောက်ကို KNDO အဖွဲ့က ဖမ်းဆီးသွားပြီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ထားသည့် အလောင်း ၂၅ လောင်း ကို တွေ့ရကြောင်း၊ စက်တင်ဘာလ ၂၀ ရက်၌ ကြိတ်ရွာရှိ ကင်းစခန်း/လုံခြုံရေးစခန်းကို KNU တပ်မဟာ (၆)နှင့် PDF အကြမ်းဖက်များက တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းဒေသမှာ ဥကရစ်ထစခန်းလို ဖြစ်စဉ်မျိုးများ ဖြစ်ခဲ့ကြောင်း၊ ဘုရားသုံးဆူဒေသတစ်ဝိုက်နှင့် ဘုရားသုံးဆူလမ်းကြောင်းတစ်လျှောက်မှာ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ၎င်းဒေသ၌ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းကိုလည်း KNU တပ်မဟာ(၆)ကသာ ဦးစီးဆောင်ရွက် နေခြင်းဖြစ်ကြောင်း ။

အချို့မီဒီယာများမှတက်လာသည့် ဓာတ်ပုံများ၌ ပြောက်ကျားဝတ်စုံများ ထင်ထင်ရှားရှားတွေ့ရပြီး KNU တပ်မဟာ(၆)ကဟု ယူဆရသူများပါဝင်ကြောင်း၊  တရားမဝင် လုပ်ကိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သေဆုံးသူများတွင် နိုင်ငံခြားသားများ ပါဝင်တယ်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ရှိခဲ့ပါကလည်း ၎င်းတို့သည် တရားမဝင်လုပ်ငန်းကို လာရောက်လုပ်ကိုင် နေထိုင်သူများသာဖြစ်ကြောင်း၊ ၎င်းတို့ ဘယ်လိုရောက်လာလဲ၊ ဘယ်သူတွေက ခေါ်လာလဲဆိုတာ ၎င်းနယ်မြေ၌ လှုပ်ရှားနေသည့် KNU တပ်မဟာ(၆) မသိဘဲ ရောက်လာစရာ အကြောင်းမရှိကြောင်း ဖြေကြားခဲ့သည်ဟု သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၁-၂၀၂၂)

 

  • ဘုရားသုံးဆူ၊ သဗြုမိုင်းတွင်းဒေသမှာ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုရှာဖွေရေးလုပ်ငန်းမရှိ။
  • ၂၀၁၆ ခုနှစ်မတိုင်ခင်က သဗြုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် အခြားကုမ္ပဏီဘက်ကလုပ်သည့် မိုင်းတွင်းအချို့ ရှိခဲ့ဖူးကြောင်း၊ ၎င်းတို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့။
  • ၂၀၁၆ ခုနှစ်နောက်ပိုင်း၌ ၎င်းကုမ္ပဏီများသည် KNU တပ်မဟာ()နှင့် ညှိနှိုင်းပြီး တရားမဝင်သတ္တုခိုးတူးမှုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်။
  • အချို့မီဒီယာများမှတက်လာသည့် ဓာတ်ပုံများ၌ ပြောက်ကျားဝတ်စုံများ ထင်ထင်ရှားရှားတွေ့ရပြီး KNU တပ်မဟာ()ကဟု ယူဆရသူများပါဝင်။
  • ၎င်းဒေသ၌ တရားမဝင်လုပ်ကိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးအရ ဆောင်ရွက်နေခြင်းဖြစ်။
  • သေဆုံးသူများတွင် နိုင်ငံခြားသားများပါဝင်တယ်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ရှိခဲ့ပါကလည်း ၎င်းတို့သည် တရားမဝင်လုပ်ငန်းကို လာရောက်လုပ်ကိုင်နေထိုင်သူများသာဖြစ်။

 

Add new comment