ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၇ ရက်တွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသတွင်း ဆွေးနွေးပွဲသို့ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ ယင်းစံနှုန်းများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာကျင့်သုံးခြင်းအစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပခရီးသွားများကို ကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် လိုအပ်သော မူဝါဒများ၊ ဥပဒေများနှင့် မူဘောင်များချမှတ်ထားကြောင်းနှင့် ခရီးသွား ဧည့်သည်များ စိတ်ချလုံခြုံစွာ ခရီးသွားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၈-၁၁-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီးသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်စပ်လျဉ်းသည့် အာရှ-ပစိဖိတ်ဒေသတွင်းဆွေးနွေးပွဲသို့ အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပခရီးသွားများကို ကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် လိုအပ်သောမူဝါဒများ၊ ဥပဒေများနှင့် မူဘောင်များ ချမှတ်ထားကြောင်း ဆွေးနွေးခဲ့။
Add new comment