နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ နှင့် ၂၁၂/ ၂၀၂၂ တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအနေဖြင့်-
မဟာသရေစည်သူဘွဲ့ ၁ ဦး။
စည်သူဘွဲ့ ၄၁ ဦး။
သီရိပျံချီဘွဲ့ ၄၅ ဦး။
ဇေယျကျော်ထင်ဘွဲ့ ၁၉ ဦး။
ဝဏ္ဏကျော်ထင်ဘွဲ့ ၆၃ ဦး။
အလင်္ကာကျော်စွာဘွဲ့ ၇ ဦး။
သိပ္ပကျော်စွာဘွဲ့ ၈ ဦး။
စုစုပေါင်း ၁၈၄ ဦး။
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၃ ဦး။
ရဲသီဟတံဆိပ် ၁ ဦး။
ရဲသူရတံဆိပ် ၂၁ ဦး။
ရဲဗလတံဆိပ် ၁၅၅ ဦး။
ရဲသူရိန်တံဆိပ် ၁ ဦး။
ရဲကျော်စွာတံဆိပ် ၁ ဦး။
ရဲကျော်သူတံဆိပ် ၅ ဦး။
စီမံထူးချွန်တံဆိပ် (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၂၁၄ ဦး။
လူမှုထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၁၈၅ ဦး။
လယ်ယာစီးပွားထူးချွန်တံဆိပ်(ပထမအဆင့်) ၁၁ ဦး။
စက်မှုစီးပွားထူးချွန်တံဆိပ်(ပထမအဆင့်) ၂၃ ဦး။
ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ဒုတိယအဆင့်၊ တတိယအဆင့်) ၈၄ ဦး။
သိပ္ပံပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂ ဦး။
ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်၊ တတိယအဆင့်) ၂ ဦး။
နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၁၂ ဦး။
အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၉၈ ဦး။
စာပေပညာထူးချွန်တံဆိပ်(ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ၁၀ ဦး။
စုစုပေါင်း ၈၂၈ ဦး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၂/ ၂၀၂၂ အရ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနေဖြင့်-
သီရိပျံချီဘွဲ့ ၂၃ ဦး။
ဝဏ္ဏကျော်ထင်ဘွဲ့ ၅၉ ဦး။
စုစုပေါင်း ၈၂ ဦး။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စုစုပေါင်း ၂၆၆ ဦးနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ စုစုပေါင်း ၈၂၈ ဦးရှိ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၁-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ နှင့် ၂၁၂/ ၂၀၂၂တို့ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ရာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စုစုပေါင်း ၂၆၆ ဦးနှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ စုစုပေါင်း ၈၂၈ ဦးရှိ။
Add new comment