(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ(၅,၇၇၄)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု

     နိုင်ငံတော်အစိုးရက အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား/အကျဉ်းသူ ၅,၇၇၄ ဦးကို နိုဝင်ဘာလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် ၁၁ ဦး၊ လူမှုရေးအရ သက်ညှာခွင့်ပြုခဲ့သူ ၃၃ ဦးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှု၍ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံခြားသားများဖြစ်ကြသည့် မစ္စတာရှောင်တာနယ်၊ Mr. Toru Kubota၊ မစ္စဗစ်ကီဘိုးမန်းနှင့်  အမေရိကန်နိုင်ငံသား ခံယူထားသော ဦးကျော်ဌေးဦးတို့ကို ပြစ်ဒဏ်များဖြေလျော့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။   

နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း  လူမှုရေး၊ ကျန်းမာရေး ဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ကျန်းမာပျော်ရွှင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများ ကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၁-၂၀၂၂)

 

  • နိုင်ငံတော်အစိုးရက အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ ၅,၇၇၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် ၁၁ ဦး၊ လူမှုရေးအရ သက်ညှာခွင့်ပြုခဲ့သော ၃၃ ဦးနှင့် နိုင်ငံခြားသား ၄ ဦးတို့ကို ပြစ်ဒဏ်များဖြေလျော့၍ လွတ်ငြိမ်းခွင့်ပြုခဲ့။

Add new comment