နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

     အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို နိုဝင်ဘာလ ၁၅ ရက်တွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ကျရောက်ခဲ့သကဲ့သို့ တစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည် အလွန်ဆင်းရဲသည့်အခြေအနေသို့ ကျရောက်ခဲ့ရကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အခြားနိုင်ငံများနှင့်အတူခံစားခဲ့ရကြောင်း။
  • ငွေကြေးအရင်းအနှီးအားနည်းသည့် MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစားခဲ့ရပြီး ယခုအချိန်တွင် နိုင်ငံတော်က ကိုဗစ်-၁၉ကြောင့် ထိခိုက်ခဲ့ရသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်းထပ်မံ တိုးမြှင့်ပေးထားကြောင်း။
  • နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း။
  • မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများလည်ပတ်နေရန် အထူးလိုအပ်ကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်အပေါ်အခြေခံပြီး အသုံးချတတ်မည်ဆိုပါက ရရှိလာနိုင်မည့်အခွင့်အလမ်းများအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ် ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများ လက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် ပတ်သက်၍ e-ID စနစ်မှစ၍ E- Government အထိ သွားရောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏ တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း ၉၅ ချက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • မိမိတို့လုပ်ငန်းကော်မတီသည် MSME ဗဟိုကော်မတီမှချမှတ်သည့် မူဝါဒများနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများအကြား ပေါင်းကူးသဖွယ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်သည့်အကြံဉာဏ်နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်းစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း။
  • မိမိတို့လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော်၏စီးပွားရေးကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များအပေါ်ပေးထားသည့် လုပ်ငန်းတာဝန်များ ကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ကြရမည် ဖြစ်ကြောင်း။
  • ဒေသအသီးသီးရှိ အလားအလာကောင်းသည့်ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါးထွက်ကုန်များကို နည်းပညာစက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက်မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကိုမြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေး တင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနပြခန်းများ ကိုကြည့်ရှုခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၂)

 

  • ငွေကြေးအရင်းအနှီးအားနည်းသည့် MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစားခဲ့ရပြီး ယခုအချိန်တွင် နိုင်ငံတော်က ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်း ထပ်မံတိုးမြှင့်ပေးထား။
  • နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်။
  • မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပြီး မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများ လည်ပတ်နေရန် အထူးလိုအပ်။
  • မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်အပေါ် အခြေခံပြီး အသုံးချတတ်မည်ဆိုပါက ရရှိလာနိုင်မည့် အခွင့်အလမ်းများအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းထုတ်လုပ်မှု ကွန်ရက်များသို့ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်။
  • မိမိတို့လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော်၏စီးပွားရေးကဏ္ဍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များအပေါ်ပေးထားသည့် လုပ်ငန်း တာဝန်များကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်။

Add new comment