ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၁၁ ခုတို့ပါဝင်ပြသသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားအတွင်းရောက်ရှိသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေးနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များဆောင်ရွက်ပေးရေးအတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများရရှိ ခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် အလုပ်အကိုင်ရှာဖွေနေသူများကို ၎င်းတို့၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ အလုပ်လုပ်ကိုင်နိုင်စွမ်းတို့အပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင်နှင့် မြို့နယ်အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံးဖွင့်လှစ်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၁၇ ရုံးဖွင့်လှစ်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေး လျက်ရှိပါသည်။
အဆိုပါပြပွဲကို ပြည်တွင်းကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယခုပြပွဲတွင် ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၁၁ ခုတို့က ပြခန်းစုစုပေါင်း ၃၈ ခန်းဖြင့် ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၂)
- ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၁၁ ခုတို့ပါဝင်ပြသသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့။
- အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားအတွင်းရောက်ရှိသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေးနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များဆောင်ရွက်ပေးရေးအတွက် အလုပ်သမား ဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများ ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိ။
- ပြပွဲတွင် ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၁၁ ခုတို့က ပြခန်းစုစုပေါင်း ၃၈ ခန်းဖြင့် ပါဝင်ပြသခဲ့။
Add new comment