စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ရွှေဘိုမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား နိုဝင်ဘာလ ၁၄ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာဒေသ အသီးသီးသို့ သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

  • ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ(၁၅)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးငွေ ကျပ် ၇၅ သိန်းနှင့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ မှော်တော်ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် ဆန်(၃၀)အိတ်၊ ဆီပိဿာ(၅၀)နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ မှော်တော်ကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့။
  • ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ(၄၃)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုး ငွေကျပ် ၂၁၅ သိန်း၊ ယူနီဖောင်းများ၊ ဆန်အိတ် ၅၀ အိတ်၊ ဆီဘူး ၃၀ ဘူး၊ ဆားအိတ် ၅၀ အိတ်၊ ပဲအိတ် ၅၀ အိတ်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
  • ရွှေဘိုမြို့အတွင်းရှိ ကျေးရွာ(၁၆)ရွာအတွက် နေကြာသီးနှံမျိုးစေ့ဖိုးငွေကျပ် ၁၈ သိန်း၊ ယူနီဖောင်းများ၊ ဆန်အိတ် ၂၀ အိတ်၊ ဆီဘူး ၁၀ ဘူး၊ ကြက်ဥ ၁,၂၀၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

ထို့သို့ထောက်ပံ့ပေးအပ်မှုအား ပြည်သူ့စစ်ခေါင်းဆောင်များက လက်ခံရယူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၂)

  • စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်နှင့် ရွှေဘိုမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment