ရွှေကူမြို့နယ်အတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

      နိုဝင်ဘာလ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စီသော်ကျေးရွာအနီးသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများဆုတ်ခွာထွက်ပြေးစဉ် ၎င်းတို့ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ကျေးရွာများအား မကြာခဏ တိုက်ခိုက်ဖျက်ဆီးလျက်ရှိပြီး ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ရာ၌ ၎င်းတို့အရေးနိမ့်၍ ထွက်ပြေးချိန်တွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက် အဆိုပါမီးလောင်/ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်လျက်ရှိပါသည်။                                                        

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။                                

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၂)

 

  • KIA အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့်  နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုဖြစ်ရာ၌ ၎င်းတို့အရေးနိမ့်၍ ထွက်ပြေးချိန်တွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက် အဆိုပါမီးလောင်/မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံ သတင်းများကို ပြည်ဖျက်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်လျက်ရှိ။

Add new comment