နိုဝင်ဘာလ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ ဒေါ်လှလှဝင်းသည် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာသို့ မွေးနေ့ပွဲသွားရန် မိတ်ဆွေများခေါ်ဆောင်၍ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ငါန်းဇွန်မြို့နယ်၊ တံတားဦး-မြင်းခြံသွားကားလမ်း၊ မင်းနေကုန်းကျေးရွာလမ်းခွဲသို့အရောက် PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန်သေဆုံး၍ ၅ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား “ဒလန်”ဟုစွပ်စွဲကာ အကြောင်းမဲ့ လူမဆန်စွာ သတ်ဖြတ် သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များကို ဝေဖန်ပြစ်တင်ရှုတ်ချ၍ ရွံရှာမုန်းတီးလျက်ရှိပါသည်။
အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၁-၂၀၂၂)
- ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး မိုင်းစထိမှန်သေဆုံး၍ ၅ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။
Add new comment