ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုအတွင်းရှိ ဘိန်းစိုက်ခင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးလျက်ရှိပါသည်။
အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့များသည် ဇန်နဝါရီလ ၄ ရက်တွင် နောင်လိုင်ကျေးရွာအုပ်စု ပန်ခတ်ကျေး ရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁၂ ဧကကိုလည်းကောင်း၊ ပန်ကုလားကျေး ရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ အမြင့် ၃ ပေ ခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၈ ဧကကိုလည်းကောင်း၊ ဒုံလိတန်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေ ရှိ သီးပွင့်ဆဲဘိန်းခင်း ၄ ဧက ကိုလည်းကောင်း၊ ထီတန်းလိတ် ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေ ခန့်ရှိသီးပွင့်ဆဲဘိန်းခင်း ၁၄ ဧကကိုလည်းကောင်း၊ လိုင်းကလကျေး ရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေ ခန့် ရှိ သီးပွင့်ဆဲဘိန်းခင်း ၃ ဧကကိုလည်းကောင်း၊ ထီဆွေးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၃ ပေခန့် ရှိ သီးပွင့်ဆဲဘိန်းခင်း ၁ ဧကကိုလည်းကောင်း စုစုပေါင်း ၄၂ ဧကကို ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြပြီး ဟိုပုံးမြို့နယ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် မှ ၃၁ ရက်အထိ ဘိန်းစိုက်ခင်း ၂၀၈ ဧက ကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရပါသည်။
- ရှမ်းပြည်နယ် (တောင်ပိုင်း) ပန်ခတ်ကျေးရွာ၏ အနောက်ဘက်ရှိ ဘိန်းခင်း ၁၂ ဧက၊ ပန်ကုလားကျေးရွာ၏ အနောက် မြောက်ဘက်ရှိ ဘိန်းခင်း ၈ ဧက၊ ဒုံလိတန်ကျေးရွာ၏ အနောက်တောင်ဘက်ရှိ ဘိန်းခင်း ၄ ဧက၊ ထီတန်းလိတ် ကျေးရွာ၏ အရှေ့ဘက်ရှိ ဘိန်းခင်း ၁၄ ဧကနှင့် လိုင်းကလိကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဘိန်းခင်း ၃ ဧက၊ ထီဆွေးကျေးရွာ၏ အနောက်တောင်ဘက်ရှိ ဘိန်းခင်း ၁ ဧက စုစုပေါင်း ၄၂ ဧကကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြပြီး ဟိုပုံးမြို့နယ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၃၁ ရက်အထိ ဘိန်းစိုက်ခင်း ၂၀၈ ဧကကို ဖျက်ဆီးခဲ့။
Add new comment