၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန် သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီပထမပတ်မှ နိုဝင်ဘာပထမပတ်အထိ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂,၂၃၅.၅၇၇ သန်း၊ ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄,၅၉၆.၁၂၉ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆,၈၃၁.၇၀၆ သန်းရရှိထား။
  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၅,၀၀၁.၃၄၄ သန်းရရှိသည့်အတွက် ယခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁,၈၃၀.၃၆၂ သန်း ပိုမိုရရှိခဲ့။
  • အောက်တိုဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်ပိဿာချိန် သိန်း ၃၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် မန္တလေးမြို့တို့သို့တင်ပို့ကာ ပြည်ပ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိ။
  • ၂၀၂၁-၂၀၂၂ ကြံရာသီအတွင်း ပြည်ပသို့ အရည်အသွေးပြည့်မီသည့် သကြားတန်ချိန် ၉၀,၀၀၀ ခန့်တင်ပို့နိုင်ခဲ့။
  • အရည်အသွေးပြည့်မီသည့် မြန်မာ့ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရန် စာချုပ်ချုပ်ဆိုထား။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များတင်ပို့လျက်ရှိပြီး ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန် ဒေါ်လာ ၉,၈၉၁.၆၃၅ သန်းရရှိခဲ့ကြောင်း၊ ၎င်းပို့ကုန်များထဲတွင် စက်မှုကုန်ချောတင်ပို့မှုအများဆုံးဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကို တင်သွင်းခြင်းဖြစ် ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၁-၂၀၂၂)

 

  • ယခုဘဏ္ဍာနှစ် ဧပြီပထမပတ်မှ နိုဝင်ဘာပထမပတ်အထိ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ,၈၃၁.၇၀၆ သန်းရရှိထားပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ,၈၃၀.၃၆၂ သန်းပိုမိုရရှိခဲ့။
  • အောက်တိုဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်ပိဿာချိန် သိန်း ၃၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ကာ ပြည်ပ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိ။
  • ၂၀၂၁ -၂၀၂၂ ကြံရာသီအတွင်း ပြည်ပသို့ အရည်အသွေးပြည့်မီသည့် သကြားတန်ချိန် ၉၀,၀၀၀ ခန့်တင်ပို့နိုင်ခဲ့။
  • အရည်အသွေးပြည့်မီသည့် မြန်မာ့ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရန် စာချုပ်ချုပ်ဆိုထား။

Add new comment