စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အထက(မလယ်)မှ မူလတန်းပြဆရာမအား PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်

        နိုဝင်ဘာလ ၁၁ ရက်တွင် မန္တလေးမြို့မှ တကောင်းမြို့သို့ ထွက်ခွာလာသည့် ယာဉ်မောင်း ဦးမောင်မောင် မောင်းနှင်ပြီး ခရီးသည် ကျား ၁ ဦး၊ မ ၄ ဦး လိုက်ပါလာသည့် ယာဉ်အား သပိတ်ကျင်း မြို့နယ်၊ စံပ္ပါယ်နဂိုလ်ကျေးရွာအနီးသို့အရောက်တွင် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးမှ တားဆီးခဲ့ပြီး ယာဉ်မောင်းအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ယာဉ်အား ဆက်လက်မောင်းနှင်စေခဲ့ပြီး ပေသောင် ကျေးရွာအနီးသို့အရောက်၌ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးချင်းစီ၏ အမည်များအား စစ်ဆေးမေးမြန်း၍ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းမှ မူလတန်းပြဆရာမ ဒေါ်မိုးမိုးစံ(၄၁)နှစ်အား ခေါ်ထုတ်၍ ၎င်းယာဉ်အနီး၌ပင် လည်ပင်းအား ဓားဖြင့်ခုတ်၍ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

NUG ၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ်မဟုတ်သော ကျောင်းသား၊ ဆရာ၊ မိဘများအား အကြောင်းမဲ့ ခြိမ်းခြောက်အကြပ်ကိုင်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာအဆောက်အဦများအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းစသည့် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးမှုများစွာ ပြုလုပ်ခဲ့ပြီး ယခုလို ဆရာ၊ ဆရာမများ အား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တိုက်ခိုက်နေခြင်းသည် လွန်စွာမှစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်သဖြင့်  အများပြည်သူမှလည်း ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် လုံးဝလက်ခံ နိုင်ခြင်းမရှိသည့်အပြင် ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့နှင့် အမြင်တူညီခြင်းမရှိသည့် ပြည်သူလူထု၊ သံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ပစ်မှတ်ထားကာ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများအား သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့နိုင်ပါကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော် ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၁-၂၀၂၂)

 

  • PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးချင်းစီ၏ အမည်များအား စစ်ဆေးမေးမြန်း၍ ကန့်ဘလူမြို့နယ်၊ အထက(မလယ်)မှ မူလတန်းပြ ဆရာမ ဒေါ်မိုးမိုးစံအား အကြောင်းမဲ့ လည်ပင်းအား ဓားဖြင့်ခုတ်၍ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့။

Add new comment