နိုဝင်ဘာလ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာ၊ ရေစကြို-ပခုက္ကူကားလမ်း၏ အနောက်ဘက်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းရုံးသို့ PDF အကြမ်းဖက် သမားများ ရောက်ရှိလာပြီး အဆိုပါရုံး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ သီတင်းသုံးနေထိုင်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၃ ဝါအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် ဆရာတော်တွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် သံဃာတော် ၆၈ ပါးနှင့် သီလရှင် ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အဆိုပါအကြမ်းဖက်မှုလုပ်ရပ်များသည် သာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေခြင်းတို့ကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား လွန်စွာ စက်ဆုပ်ရွံရှာ၍ မုန်းတီးလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၁-၂၀၂၂)
- မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် မေတ္တာရှင်လူမှုကူညီရေးအသင်းရုံး၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ သီတင်းသုံးနေထိုင်လျက်ရှိသည့် ဆရာတော်ဥူးအာစာရ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၃ ဝါအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့။
- PDF အကြမ်းဖက်အဖွဲ့၏ အကြောင်းမဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းတို့ကြောင့် သံဃာတော် ၆၈ ပါးနှင့် သီလရှင် ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးဖြစ်။
Add new comment