နိုဝင်ဘာလ ၁၁ ရက်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံနေရာသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် ရီမုမိုင်း ၃ လုံးအား တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အန္တရာယ်မရှိစေရေး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် အဆိုပါအကြမ်းဖက်သမားများက ကျောင်း၏ပင်မစာသင်ဆောင်မှလည်းကောင်း၊ လူနေအိမ်များမှလည်းကောင်း အကာအကွယ်ယူ၍ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အကြမ်းဖက်မှုလုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ဒေသအတွင်း လှုပ်ရှားသွားလာလျက် ရှိသည့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်းတည်ငြိမ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁၁-၂၀၂၂)
- မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် ရီမုမိုင်း ၃ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အများပြည်သူ ဘေး အန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်းနိုင်ခဲ့။
- အဆိုပါအကြမ်းဖက်သမားများသည် ကျောင်း၏ပင်မစာသင်ဆောင်မှလည်းကောင်း၊ လူနေအိမ်များမှလည်းကောင်း အကာအကွယ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့။
Add new comment