တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ-

· ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု ၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇.၇၇၅ သန်းခန့်နှင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု ၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်ပေါင်း ၂၁၈.၅၈၁ သန်းခန့်၊ ဖမ်းဆီး ရမိမှု စုစုပေါင်း ၄ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆.၃၅၆ သန်းခန့်အားလည်းကောင်း၊

· ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် မူဆယ်မြို့၊ နန်းတော်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိမှု ၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀,၀၀၀ ကျပ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအဝင်၌ ဖမ်းဆီးရမိမှု ၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၄,၀၀၀ ကျပ်၊ အဆိုပါဖမ်းဆီးရမိမှုစုစုပေါင်း ၂ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၄,၀၀၀ ကျပ်အား  လည်းကောင်း၊

· ဇန်နဝါရီလ ၄ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၌ ဖမ်းဆီးရမိမှု ၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၉၈၇,၅၇၀ ကျပ်အားလည်းကောင်း အမှုတွဲဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိမှုစုစုပေါင်း ၃ မှုနှင့်ပတ်သက်၍ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါသည်။

  • အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်းနှင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု စုစုပေါင်း ၄ မှု၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၆.၃၅၆ သန်းခန့်နှင့်  မူဆယ်မြို့၊ နန်းတော်စစ်ဆေးရေးဂိတ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့၌ ဖမ်းဆီးရမိမှု ၃ မှု၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၇၆၁,၅၇၀ ကျပ်တို့အား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိ။

 

 

Add new comment