ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည်စုံညီအစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်

       အိန္ဒိယနိုင်ငံကုန်သည်များအသင်း (Indian Chamber of Commerce-ICC)၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ ITC Sonar Hotal တွင် ကျင်းပခဲ့သည့် အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည်စုံညီအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည်စုံညီအစည်းအဝေးနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက် ခဲ့ပြီး မြန်မာ-အိန္ဒိယကုန်သွယ်ဆက်ဆံရေး ဆွေးနွေးမှုအပိုင်းတွင် ကုန်သွယ်မှုပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများ သုံးစွဲနိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံကုန်စည်ပြပွဲများကျင်းပနိုင်ရေးနှင့် နှစ်ဖက် ကုန်သည်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံချင်းစသည့် အလွှာအလိုက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား လည်းကောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး အလားအလာကောင်းများအား လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ အစိုးရကုန်းလမ်းပို့ဆောင်ရေး၊ အဝေးပြေးလမ်းနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး၊ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အိန္ဒိယကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးဆောင်သော အိန္ဒိယကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ EEPC India အဖွဲ့အစည်း၏ ဥက္ကဋ္ဌ၊ အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုကော်မတီဥက္ကဋ္ဌ၊ ဒေသဆိုင်ရာဒုဥက္ကဋ္ဌနှင့်အတူ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင်များ၊ FIEO ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များ၊ အိန္ဒိယကုန်သည်များ၊ ရင်းနှီးမြုပ်နှံသူများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၁-၂၀၂၂)

 

  • အိန္ဒိယနိုင်ငံကုန်သည်များအသင်း (Indian Chamber of Commerce-ICC)၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၁ ရက်တွင် အိန္ဒိယကုန်သည်ကြီးများအသင်း နှစ်ပတ်လည်စုံညီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့။
  • မြန်မာ-အိန္ဒိယကုန်သွယ်ဆက်ဆံရေးဆွေးနွေးမှုအပိုင်းတွင် ကုန်သွယ်မှုပိုမိုတိုးတက်စေရေးအတွက် နှစ်နိုင်ငံငွေကြေးများ သုံးစွဲနိုင်ရေးကိစ္စများ၊ နှစ်နိုင်ငံကုန်စည်ပြပွဲများကျင်းပနိုင် ရေးနှင့် နှစ်ဖက်ကုန်သည်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် နှစ်နိုင်ငံအကြားတွင် နိုင်ငံတကာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံချင်းစသည့် အလွှာအလိုက်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment