မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာလ ၁၀ ရက်တွင် ပခုက္ကူမြို့နေ “မတုတ်မ၏အောင်ဆင်မင်း”ကုန်စုံဆိုင်ပိုင်ရှင် တပ်မတော်သားတစ်ဦး၏ ဇနီးဖြစ်သူ မဟန်နွေဦးသည် ၎င်း၏ နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် အကြမ်းဖက်သမားPDF (၃) ဦးမှ သေနတ်ထောက် ခြိမ်းခြောက်ကာ နေအိမ်အတွင်းရှိ ဆွဲကြိုး (၁) ကုံး၊ နားကပ် (၁) ရံ၊ ဖုန်း (၈) လုံးတို့နှင့်အတူ ၎င်းအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းအရ ပခုက္ကူမြို့အား လုံခြုံရေးအဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေစဉ် တာဝန်သိပြည်သူ၏ သတင်းပေးမှုကြောင့် မြိုင်မြို့နယ်၊ တောင်ရွာဆည်(ရှင်းလင်းဆောင်)တွင် ဖမ်းဆီးထားကြောင်း သိရှိခဲ့ပါသည်။
အဆိုပါနေရာသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ဖြင့် သွားရောက်၍ ဝင်ရောက်စီးနင်းခဲ့ရာ အဆိုပါအကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဓားစာခံအမျိုးသမီးအား ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ကယ်တင် နိုင်ခဲ့ပါသည်။
NUG ၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်နေခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် အဖွဲ့၏လှုပ်ရှားမှုများ သိရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြား၍ ရပ်ရွာအေးချမ်းသာယာရေး ပူးပေါင်းဆောင်ရွက်ကြပါရန် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၁-၂၀၂၂)
- PDF အကြမ်းဖက်သမားများ၏ မတရားခြိမ်းခြောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဓားစာခံအမျိုးသမီး မဟန်နွေဦးအား ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့။
Add new comment