မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ စုံညီအထူးအစည်းအဝေးကျင်းပ

      မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ စုံညီအထူးအစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်ရုံးအစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုဌာနချုပ်ရုံးအစည်းအဝေးခန်းမ၌ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များက Online  စနစ်ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား) က အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအမှုဆောင်အဖွဲ့အတွင်းရေးမှူးက အစည်းအဝေးပြုလုပ်ရခြင်းရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ(ခ)အရ ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့် ကာလသတ်မှတ်ခြင်း စည်းရုံးရေးဆိုင်ရာညွှန်ကြားချက် (၅/၂၀၂၂) (စာမူကြမ်း)အား ဖတ်ကြားရှင်းလင်း၍ ဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်း‌ဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက စည်းရုံးရေးဆိုင်ရာညွှန်ကြားချက်(၅/၂၀၂၂)ဖြင့် ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့်ကာလသတ်မှတ်ခြင်း၊ (စာမူကြမ်း)ကို ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားမေးမြန်း၍ အတည်ပြုချက် ရယူခြင်းနှင့် ညွှန်ကြားချက်ထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၁-၂၀၂၂)

  • မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးအကြံပြုချက်များအပေါ်အခြေခံ၍ စည်းရုံးရေးဆိုင်ရာညွှန်ကြားချက်(၅/၂၀၂၂)ဖြင့် ထုတ်ပြန်မည့် တာဝန်ထမ်းဆောင်သည့်ကာလသတ်မှတ်ခြင်း၊ (စာမူကြမ်း)ကို ဗဟိုအမှုဆောင် အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားမေးမြန်း၍ အတည်ပြုချက်ရယူခြင်းနှင့် ညွှန်ကြားချက်ထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့။

Add new comment